ဆီစီဖက် - ဝီကီပီးဒီးယား ဆီစီဖက် ဝီကီပီးဒီးယား မှ အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည် ဆီစီဖက် (ရှေးဟောင်းဂရိ: ΣίσυΦος, Sίsyphos) ဂရိဒဏ္ဍာရီလာ အက်ဖီရာ (Ephyra) ဘုရင် ဖြစ်သည်။ ထပ်တလဲလဲ လိမ်လည်မှုကြောင့် ကြီးမားသော ကျောက်တုံးကြီးကို တောင်ပေါ်သို့ တွန်းတင်ရန် အပြစ်ပေးခံရသည်။ ထိုကျောက်တုံးသည် တောင်ထိပ်မရောက်မီ ပြန်ကျမည်ဖြစ်ပြီး တောင်ထိပ်သို့ရောက်အောင် အမြဲတမ်း တွန်းတင်နေရဦးမည် ဖြစ်သည်။ ဒဏ္ဍာရီ[ပြင်ဆင်ရန်] အီဖျာပြည်ကို တည်ထောင်သူဖြစ်ပြီး အောက်တန်းနတ် မီရုပ် (Merope) နှင့် ကလေး ၄ ယောက် ရှိသည်။ ရေကြောင်းသွားလာရေးနှင့် ကုန်သွယ်ရေးကို အားပေးခဲ့သည်။ လောဘကြီးပြီး လှည့်ဖျားတတ်သည်။ ဇု (Zeus) က ရပ်ဝေးလာများကို ကူညီရန် ဆိုထားသော်လည်း ထိုရပ်ဝေးလာဧည့်များကို သတ်ဖြတ်လေ့ ရှိပြီး ဤသို့ပြုမူခြင်းဖြင့် သူ၏ စည်းကမ်းတင်းကြပ်မှုကို ဖော်ပြနိုင်သည်ဟု ယူဆသည်။ ဇုက မြစ်စောင့်နတ် Asopus ၏သမီး အေဂျီနာ (Aegina) ကို 'မ'သွားသောအခါ သူ့ပြည်အတွင်းသို့ စမ်းတခု စီးနိုင်စေရန် အဆိုပက်နှင့် ညှိပြီးမှ ထိုကိစ္စကို ပြောပြသည်။ သူ့လျှို့ဝှက်ချက်ကို ဖော်သဖြင့် ဇုက ငရဲ (Tartarus) သို့ သံကြိုးခတ်၍ ခေါ်သွားရန် ဇုက အမိန့်ပေးသည်။ သေမင်းတမန် သန်နာတော့ (Thanatos) လာခေါ်သည်။ သံကြိုး မည်သို့အလုပ်လုပ်သည် သိလိုကြောင်း သန်နာတော့ကို ညာမေးပြီး သန်နာတော့ကို သံကြိုးခတ်ကာ အကျဉ်းချထားလိုက်သည်။ သန်နာတော့ပင် သေရွာမခေါ်နိုင်သည့်လူ ရှိလာပြီဟု အုံးအုံးကျွတ်ကျွတ် ဖြစ်လာကြရာ စစ်နတ်ဘုရား အေရိ (Ares) ကြားဝင်လာသည်။ သန်နာတော့ကို လွှတ်ပေးပြီး ဆီစီဖက်ကို သန်နာတော့လက် အပ်သည်။ အဝတ်မဲ့ အသေကောင်ကို လူလယ်ခေါင်၌ ပစ်ထားရန် သူ့ဇနီးအား ဆီစီဖက်က မသေခင် မှာသည်။ သူ့ဇနီးက မှာသည့်အတိုင်း လုပ်သည်။ ဆီစီဖက် စတစ် (Styx) မြစ်ကမ်းဘေးသို့ ရောက်သော် အောက်ဘုံမှ သခင်မ ပါစစ်ဖနီ (Persephone) ကို အသေလောင်းအား ထိုသို့ ပစ်ထားခြင်းမှာ မလေးစားရာ ရောက်ကြောင်း၊ မြေကမ္ဘာသို့ ပြန်ကာ သူ့ဇနီးအား ဆူပူဆုံးမလိုကြောင်း ပြောသည်။ သို့ဖြင့် မြေပေါ်သို့ ပြန်ရောက်လာသည်။ သူ့ဇနီးအား ဆူပူပြီးသော်လည်း အောက်ဘုံသို့ ပြန်မသွားလိုကြောင်း ငြင်းသဖြင့် အောက်ဘုံသခင် အားမိစ် (Hermes) က အတင်းဆွဲခေါ်ရသည်။ ဇုက ဆီစီဖက်၏ အကြိမ်ကြိမ်လှည့်ဖျားမှုကို အပြစ်ပေးသည့်အနေဖြင့် ကျောက်တုံးကြီးကို မတ်စောက်သော တောင်ကုန်းထိပ်သို့ တွန်းတင်ရန် အပြစ်ပေးခံရသည်။ ထိပ်မရောက်ခင်တွင် ထိုကျောက်တုံးသည် ပြန်ကျမည်ဖြစ်ပြီး ထပ်၍ တွန်းတင်ရဦးမည် ဖြစ်သည်။ ထို့ကြောင့် အချိန်ကြာကြာ ထပ်ကာထပ်ကာလုပ်ရသော၊ ဦးတည်ချက်ပျောက်နေသော အလုပ်မျိုးကို ဆီစီဖက်အလုပ်ဟု ညွှန်းကြသည်။ "https://my.wikipedia.org/w/index.php?title=ဆီစီဖက်&oldid=476765" မှ ရယူရန် ကဏ္ဍ: ဂရိ ဒဏ္ဍာရီ လမ်းညွှန်မီနူး ကိုယ်ပိုင် ကိရိယာများ အကောင့် မဝင်ထားပါ ဆွေးနွေးရန် ဆောင်ရွက်ချက်များ အကောင့် ဖန်တီးရန် အကောင့်ဝင်ရန် အမည်ညွှန်းများ စာမျက်နှာ ဆွေးနွေးချက် အမျိုးမျိုးအပြားပြား အမြင်ပုံစံများ ဖတ်ရန် ပြင်ဆင်ရန် ရာဇဝင်ကြည့်ရန် ပို၍ ရှာဖွေရန် အ​ညွှန်း​ ဗဟိုစာမျက်နှာ ပေါင်းကူးနေရာ လက်ရှိဖြစ်ရပ်များ လတ်တလော အပြောင်းအလဲများ ကျပန်းစာမျက်နှာ အ​ကူ​အ​ညီ​ လှူဒါန်း​မှု​ ကိရိယာများ ဘယ်ကလင့်ခ်ထားလဲ ဆက်စပ်သော အပြောင်းအလဲများ အထူး စာမျက်နှာများ ပုံ​သေ​လိပ်​စာ​ စာမျက်နှာ အချက်အလက်များ ဤစာမျက်နှာကို ကိုးကားပြုရန် ဝီကီဒေတာ item ပရင့်/ပို့လွှတ် စာအုပ် ဖန်တီးရန် PDF အနေဖြင့် ရယူရန် ပရင့်ထုတ်နိုင်သော ဗားရှင်း အခြား ပရောဂျက်များတွင် ဝီကီမီဒီယာ ကွန်မွန်းစ် အခြား ဘာသာစကားများဖြင့် Afrikaans العربية مصرى Asturianu Azərbaycanca Boarisch Беларуская Български বাংলা Brezhoneg Bosanski Català کوردی Čeština Чӑвашла Dansk Deutsch Ελληνικά English Esperanto Español Eesti Euskara فارسی Suomi Français Gaeilge Galego עברית Hrvatski Magyar Հայերեն Bahasa Indonesia Íslenska Italiano 日本語 Jawa ქართული Қазақша 한국어 Latina Lëtzebuergesch Lietuvių Македонски Plattdüütsch Nederlands Norsk nynorsk Norsk bokmål Occitan Polski Português Română Русский Scots Srpskohrvatski / српскохрватски Simple English Slovenčina Slovenščina Shqip Српски / srpski Svenska ไทย Türkçe Українська Tiếng Việt Winaray 吴语 中文 လင့်ခ်များကို တည်းဖြတ်ရန် ဤစာမျက်နှာကို ၁၂ စက်တင်ဘာ ၂၀၁၉၊ ၂၀:၃၂ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။ စာသားများကို Creative Commons Attribution-ShareAlike လိုင်စင်ဖြင့် ရရှိနိုင်ပြီး ထပ်ဆောင်းသတ်မှတ်ချက်များ ရှိနိုင်သည်။ အသေးစိတ်အတွက် အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များတွင် ကြည့်ပါ။ ကိုယ်ပိုင်ရေးရာ မူဝါဒ ဝီကီပီးဒီးယား အကြောင်း သတိပြုစရာများ မိုလ်ဘိုင်း ဆော့ဖ်ဝဲလ်တီထွင်ရေးသားသူများ စာရင်းအင်း ကွတ်ကီး ထုတ်ပြန်ချက်